2009 – Elementry School Fun Fair

အပေါ်ဆုံးချားထိုင်ခုံပေါ်မှာ စင်တာကလော့ဦးထုပ်ဆောင်းထားတာ သမီးလေး

ဒီနှစ် သားလေးက မစီးဘူး။ mum သားလေးကို ချီထားပီး လှမ်းရိုက်ပေးထားတာ။ သားလေးက အိပ်ချင်နေပီလေ။ ဒီတစ်ခေါက် သမီး စီးပီးတဲ့အခါမှာ သားလေးကို အိပ်ပြန်ပို့ပေးလိုက်တယ်။ စင်တာကလော့လေးက သမီး အိန်ဂျယ်။

မျက်နှာအလှဆေးခြယ်နေတာ။ လိပ်ပြာနှစ်ကောင်နဲ့ ပန်းလေးတစ်ပွင့်

အတန်းတွေမှာ ခရစ်စမတ်အလှဆင်ထားတာလေးတွေ

သမာဓိက ဆီကို လက်တွေ့ ကြိတ်ပြပီး ရောင်းနေတာ။

ဓာတ်ပုံ စတစ်ကာရိုက်နေတာ

နီလာဒန်ပေါက်

ဒန်ပေါက်

ဗူးသီးကြော်

ဘူးသီးကြော်ထည့်ပေးနေတာပါ။ ပထမ ကျောင်းကိုလာတုန်းက သားလေးပါ ပါတယ်။ ၁၂းဝဝ နာရီဆိုတော့ ကျောင်းမှာ နေတော့ အရမ်းအပူကြီးမဟုတ်ပေမယ့်လို့ သားလေးကအဲဒီအချိန် ထမင်းစားပီး၊ ရေချိုးအပီး တရေးအိပ်ချိန်ဆိုတော့ သူ့က အိပ်ချင်နေပီ။ မနှစ်ကလည်း အဲလိုမျိုးပဲ။ သားလေးကို ပထမကျောင်းခေါ်လာ နည်းနည်းကစားပီး သားလေးကို အိမ်တစ်ခေါက်ပြန်ပို့ပီးမှ ပြန်လာဆော့။ ဒီနှစ်လည်း အဲလိုမျိုးပဲ။ အိမ်နဲ့ကျောင်းက နီးလို့ တော်သေးတယ်။ မနီးရင်တော့ သားလေးအိပ်မှပဲ လာဖြစ်မှာ။ အဲဒါဆို သားလေးက မမ school fun fair ကို မဆော့ရတော့ဘူးပေါ့။

ကာလာခြယ်နေတာ

ကားဂိမ်း

ကံစမ်းမဲဖွင့်ပေးနေတာ။ တီချယ်ပီတာ

သမီးကတော့ ဂျယ်လီမစ်ရှိတ်ကို အရမ်းကြိုက်။

စင်တာကလော့ဆီက ကလေးတွေအုံပီး အရုပ်တောင်းနေကြတာ။ ရာဘာအရုပ်လေးတွေ၊ ဒိုင်နိုဆောအရုပ်က များတယ်။ သမီးတော့ မရလိုက်ဘူး။ mum တို့ သားအမိတွေက အဲလိုမျိုးဆို အားနည်းတယ်။ မတိုးရဲဘူး။

တီချယ်လွင်နဲ့ စင်တာကလော့ အိန်ဂျယ်

ဂျုံဝေလငါး

သမီးကျောင်းကန်တင်းက ကြက်ကြော်၊ ကော်ပြန့်ကြော်သေးသေးလေး၊ အားလူးချောင်းကြော်

မိုးပျံပူပေါင်းများ တရုပ်ကို ၁၀၀၀ ကျပ်၊ ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်

ဂျုံနဂါးရုပ်