Closet

IMAG4095

အပေါ်မှာ ခရီးဆောင်အိတ်တွေ ထားပီး .. အကျီချိတ်တဲ့နေရာမှာတော့ နေ့စဉ်ဝတ် အကျီတွေ မီးပူတိုက်ပီး ချိတ်ထားတယ်။ အောက်နားက ပလပ်စတစ်ဗုံးထဲမှာ သိပ် မဝတ်ဖြစ်တာတွေ ထည့် .. ရေမွှေးပုလင်း ထည့်ထားလိုက်တယ်။

IMAG4096

IMAG4097

IMAG4098

ကလေးတွေ ကျောင်းသွားရင် ၀တ်တဲ့ ယူနီဖောင်း အကျီ လောက်ပဲ မီးပူ သေချာ တိုက်ဖြစ်ပီး .. ကျန်တဲ့ အကျီတွေက အဝတ်ခြောက်စက်က ထွက်လာတာနဲ့ တခါတည်း အဝတ်တွေ ပူနေတဲ့ အချိန်မှာ တန်းပီး စားပွဲပေါ်မှာ အဝတ်ကို လက်နဲ့ ဖြန့် .. သပ် .. ပီး အကျီကို ခေါက်ထား … ဗီဒိုစင်ပေါ်မှာ သပ်သပ်ရပ်ရပ် စီထည့်ထားလိုက်ရင် အကျီတွေက မီးပူတိုက်ထားသလိုမျိုးပဲ ပြန့်နေတတ်တယ်။

IMAG4099

IMAG4100

IMAG4101

အဲဒီ dressing room အခန်းကျဉ်းကျဉ်းလေးကို လုံနေအောင် ပိတ်ထားရတယ်။
အဲဒီ အခန်းက အိပ်ခန်းထဲမှာ ရှိတာမို့ .. ဟင်းတွေ ချက်တဲ့အချိန်မှာ အခန်းတံခါးပိတ်ထားရတယ်။
အဲဒါဆို အမေရိကားမှာ ဆောင်းတွင်း အေးလို့ အိမ်ထဲမှာ ဟင်းချက်ပေမယ့်လည်း အကျီတွေကို ဟင်းအနံ မစွဲစေဘူး။
ဟင်းချက်တဲ့ မီးဖို ပန်ကာကို ဖွင့်ပေးရတယ်။ ပန်ကာက ဇကာကွက်ကို တလ တစ်ကြိမ်လောက် ဆေးကြောပေးရတယ်။
ကိုယ်တော့ ဒီမှာ နေတာ ဒီနှစ် ၄လပိုင်းဆို ၂နှစ်ပြည့်တော့မယ်။
ကိုယ်တို့နေတဲ့အိမ်မှာ ဟင်းတွေ ချက်လို့ အိမ်ထဲမှာ ဟင်းစော် နံနေတာမျိုးတို့ ဘာတို့ မရှိဘူး။ အကျီတွေမှာ ဟင်းအနံ နံနေတာမျိုးလည်း မရှိဘူး။
အိမ်မှာ ခင်းထားတဲ့ ကော်ဇောကိုလည်း ကော်ဇော သန့်ရှင်းတဲ့ အမွှေးပေါင်ဒါ တစ်နာရီလောက် ဖြူးထားပေးပီးမှ ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ရင်း အဲဒီ ပေါင်ဒါမှုန့်တွေကို ရှင်းပစ်ရတယ်။ အဲဒီ ပေါင်ဒါမှုန့်က မွှေးလည်းမွှေးတယ်။ အနံတွေကိုလည်း စုပ်ယူသွားတယ်။ ရန်ကုန်မှာ အဲယားကွန်း အခန်းထဲမှာ ထားတဲ့ ကော်ဇော်တွေကို စီးတီးမတ်တို့မှာ ရောင်းတဲ့ ကော်ဇောဆေးတဲ့အခါ သုံးတဲ့ အမွှေး ပေါင်ဒါဗူးများ ၀ယ်သုံးဖူးတယ်။
ပေါင်ဒါဗူး မရှိရင် ဆိုဒါမှုန့်လည်း ရတယ်။ ဆိုဒါမှုန့်က အနံအသက်ဆိုးတွေကို စုပ်ထုတ်ပစ်တယ်။
အပြင်တွေ သွားတဲ့အခါ ( သို့မဟုတ် ) အိပ်ခန်းထဲမှာ အနားယူတဲ့ အချိန်မျိုးဆိုရင်  အိမ်ရှေ့ခန်းကို လေဝင်လေထွက် ကောင်းအောင်  ပြူတင်းပေါက်တွေ ဖွင့်ထားရတယ်။ အပူပေးစက်က အမြဲတန်းဖွင့်ထားတာဆိုတော့ အိမ်ထဲမှာ အေးခဲနေတာမျိုးတော့ မကြုံဖူးသေးပါဘူး။ အခုလာမယ့် သောကြာနေ့မှာ စနိုးမုန်တိုင်း ရှိတယ်။ သောကြာနေ့ကနေ စနေနေ့အထိ စနိုးထုက ၁ပေကနေ ၂ပေအထိ ရှိတယ်။

Advertisements