3.07.11 – Myanmar Shopping Mall

တော်ဝင် စန်တာ မြေညီထပ် မျက်နှာစာတန်းမှာ Blazon ဆိုင်ဖွင့်ထားပါတယ်။ အဲဒီဆိုင်ရဲ့ ဘေးလမ်းကနေ တော်ဝင်စန်တာ အထဲကို ၀င်တဲ့ လျှောက်လှမ်းမှာ အမှတ်တရ ရိုက်ထားတာ။

တော်ဝင်စန်တာမြေညီထပ် (ရုပ်ရှင်ရုံ)ဘေးမှာ ဖွင့်ထားတဲ့ Donut King ဆိုင်ကို တော်ဝင်စန်တာ ရောက်တိုင်း ၀ယ်စားဖြစ်တယ်။ Junction Center Maw Tin ဆိုရင် Ice Cream Bar အပေါ်ဆုံးထပ် ရုပ်ရှင်ရုံနားက ဆိုင်မှာ မော်တင် ရောက်တိုင်း ၀ယ်စားသလိုမျိုး။ ကလေး ၂ယောက်စလုံးက ကြိုက်မှ ကြိုက်ပဲလေ။ ဒီ ဆိုင်ကျတော့ ဒိုးနတ်မုန့်လေးတွေ လုပ်တာပါ ကြည့်ရတော့ သမီးကော သားကော စိတ်ဝင်တစားနဲ့ ကြည့်ရင်း စားနေကြတာ။

ဒီ အ၀ိုင်းလေးတွေက ဒိုးနတ်မုန့် အ၀ိုင်း အလယ်မှာ ခရမ်တို့ စတော်ဘယ်ရီ ခရမ်တို့ ထည့်တဲ့ ဒိုးနတ်မုန့်မျိုး။ မုန့်ဖြတ်တဲ့ မို က အမျိုးမျိုး ပြောင်းပီး မုန့်ကို မို ခွက်နဲ့ ကိုင်ပီး ဖြတ်သွားတယ်။

အပြား အချပ်ကနေ မို နဲ့ လှီးဖြတ်နေတဲ့ပုံ။

မုန့်လုပ်တဲ့ အခန်းကို မှန်ချပ်ကြီးနဲ့ ကာထားတာလေ။ အဲဒီ ထိုင်ခုံက ဒီကနေ့ ကံကောင်းထောက်မစွာ နေရာရလို့ သဘောကျနေကြတာ။ အရင်နေ့တွေက ကျတော့ သူများထိုင်နေတာဆိုတော့ အဝေးကနေပဲ ငေးခဲ့ရတာလေ။ သူများ ထိုင်နေတဲ့ စားပွဲ နားကနေ သွား သွား ရပ်ကြည့်လို့လည်း မကောင်းဘူးလေ။ အခုက တော်ဝင်စန်တာက ဖွင့်ကာစမို့လို့ လူက အရမ်းများတဲ့ အချိန်ကာလ ဆိုတော့ ဘယ်စားသောက်ဆိုင် ထိုင်ထိုင် လူက အရမ်းများတဲ့ အချိန်ကာလ ။

ဆိုင် အတွင်းပိုင်း အလှဆင်ထားတဲ့ ဒီဇိုင်းလှလှ ….

မှန်နဲ့ ကင်မရာဖရပ်ခ်ျ reflection ပြန်သွားတာ။ ပြ ချင်တာက စောပိုင်းက မို နဲ့ လှီးဖြတ်ထားပီး ဘေးသားတွေ နဲ့ ပိုတဲ့ ဂျုံသားတွေကို အားလုံး အလုံးလေး ပြန်လုံးလိုက်ပီး အခု စက်ထဲမှာ ထဲပီး ပြားပြား အချပ်လေး ပြန်လုပ်နေတာ။

အဲလို ဆိုင်မျိုးလေး သဘောကျတယ်။ မုန်လုပ်ပုံ အဆင့်ဆင့်ကို လည်း မြင်ရ တယ်။ ဗဟုသုတလည်း ရတယ်။

ဒါကျတော့ ပန်းပွင့်ပုံ မို နဲ့ ဖြတ်ထားတဲ့ ဒိုးနတ်မုန့်။

တော်ဝင်စန်တာ ရောက်တော့ ဆိုင်တွေက အားလုံးနီးပါး ဖွင့်နေပါပီ။ အရမ်းကို ကောင်းပါတယ်။ မြေညီထပ်မှာ Blazon shopping mall ကြီးကို ရွှေ့လာသလား အောက်မေ့ရတယ်။ မြေညီထပ်မှာ Blazon ဆိုင်ဖွင့်ပီး။ အပေါ်ဆုံးထပ်မှာ super one ကိုလည်းရွှေ့လာပါသေးတယ်။ ဒီလိုမျိုး လျှောက်လှမ်းတွေမှာ … မြန်မာပြည်ထုတ်လုပ်တဲ့ ထီးတို့ အခြား ဆိုင်လေးတွေ အများကြီးပါ။ ဈေးဝယ်လို့ ကောင်းတဲ့ စန်တာ ဖြစ်လာမှာပါ။ Singapore က Iora အကျီတွေ၊ ပိုက်ဆံအိတ်၊ ဖိနပ်တို့လည်း ဒီမှာ ၀ယ်လို့ ရနေပါပီ။ ဆိုင်များတော့ ရွှေးလို့ အရမ်းကောင်းလို့ပါ။ ဘာလို့လည်း ဆိုရင် တခါ တလေ ကိုယ်လိုချင်တဲ့ ပစည်းတခုကို ရဖို့ ရွှေးချယ်ဖို့ ဆိုင်များမှလည်း မော်တခုတည်းနဲ့ စိတ်တိုင်းကျ ကျေနပ်သွားရတာမျိုး ရှိပါတယ်။ တခါတုန်းက သမီး အရွှယ် ဖိနပ်ဆိုဒ်၊ အဖြူ ရောင်လိုချင်တာ။ နာမည်ကြီး မောလ်တွေ တော်တော်များများ ရောက်ပါတယ်။ ဒါတောင် ဆိုင်ခန်းတွေ အများကြီးပါပဲ။ အဆင်မပြေခဲ့ဘူး။ တော်တဲ့ဆိုဒ်ကျတော့လည်း အဖြူရောင်မရှိ။ အဖြူရောင်ဖိနပ်တွေကျတော့လည်း ဆိုဒ်ကမတော်နဲ့။ နောက်ပိုင်း စကော့ဈေးကျမှ အဆင်ပြေသွားခဲ့တာ။ စကော့ဈေးမှာ ဒိုင်ဆိုင်တော်တော်များများ ရှိသလို ဆိုင်ခန်းတွေ များတာလည်း ပါ ပါတယ်။

သဘောကျသွားပီ။ ဒီ မောလ်ကို …. လောလောဆယ်တော့ အပိုပစည်းတွေ ဘာမှ သိပ် ဟုတ်တိ ပတ်တိ မ၀ယ်လာခဲ့ဘူး။ ရှိပီးသား ကို ထပ်ဖြုန်းနေလို့လည်း မရဘူးလေ။ သေချာတာကတော့ နောက်လ ဧပြီဆို ဈေးဝယ်ဖြစ်မှာပါ။ ဒီနေ့ကတော့ ကလစ်လေးတွေ၊ ဘီးကုပ်လေးတွေ၊ နည်းနည်းဝယ်၊ စားသောက်ဆိုင်တွေထိုင်၊ ရုပ်ရှင်ကြည့်၊ ဒန်ပေါက်ဝယ်စား၊ ပြန်ခါနီး မြေညီထပ်က မုဒိတာ ဆိုင်မှာ ဈေးဝယ်။ ဖွင့်ကာစမို့လို့လား မသိဘူး။ မုဒိတာ က ၀န်ထမ်းတွေက ဖော်ရွှေလိုက်ကြတာ။ ကိုယ့်အိတ်ထဲက ပိုက်ဆံထုပ်ရကျိုး နပ်သွားတယ်။ 😉

china made တို့ ယိုးဒယားဘက်က ပစည်းလေးတွေမို့ ဈေးက သင့်တယ်။

ဒီဆိုင်က မြေညီထပ် မုဒိတာ ရှေ့နားက ဆိုင်ပါ။ မုဒိတာမှာ မီးဖိုချောင်အတွက် ၀ယ်ခြမ်းအပီး ဆိုင်ရှေ့မှာ မြန်မာအမြင် ဂျပန် ခေါက်မုန့်ကို ၀ယ်စားနေတာပါ။ ဆိုင်မှာ ရောင်းနေတဲ့ ကောင်မလေးကို ဘာမုန့်လည်း မေးတော့ ဂျပန်ခေါက်မုန့်တဲ့။ မုန့်ခြပ်ပေါ်မှာ ထောပတ်သုပ်။ ပီးရင် ကိုယ်ရွှေးလိုက်တဲ့ ချောကလက်၊ စတော်ဘယ်ရီ။ blue berry ယို ထပ်သုပ်ပေးပီး ။ ပြောရင်တော့ ခလေးတွေ အတွက် ဆိုပီး chocolate rice လေးတွေ၊ သီဟိုစေ့လေးတွေ ဖြူးပေးပါတယ်။ ကိုယ်တို့က ဒီနေ့မှ စ စားဖူးတာ ဆိုတော့ မပြောမိဘူးလေ။ ဓာတ်ပုံ ၂ ပုံလောက်ရိုက်အပီးမှာ အဲဒီ ဆိုင်က ကောင်မလေးက အမ ဗီဒီယို ရိုက်လို့ မရဘူးတဲ့။ ဆောရီး ဆိုပီး ပြောမိပါတယ်။ ဟုတ်ပါတယ်။ တခါတလေ ကိုယ့်စီးပွားရေးကို သူများက လိုက် အတုခိုးတာမျိုးတို့၊ တခါတလေ ဈေးရောင်းတဲ့ သူက လူငယ်လေးတွေ ဖြစ်တဲ့အခါကျရင် သူတို့ အလုပ် လုပ်နေတာကို ဓာတ်ပုံရိုက်ရင် ရှက်တတ်ပါတယ်။ တခါတလေ အပြောင်းအလဲ အရမ်းမြန်တဲ့ ခေတ်မို့လို့ ကိုယ်ကတော့ ဘာရယ်မဟုတ် ရိုက်လိုက်ပေမယ့် တခါတလေ ကိုယ်ရိုက်လိုက်တဲ့ အကွက်ထဲမှာ အတွဲလေးတွေ ပါလာတတ်ပါတယ်။ အတတ်နိုင်ဆုံးတော့ မျက်နှာကို သိသာ ထင်ရှားနေရင် အင်တာနက်ပေါ်မှာ မတင်မိအောင် သတိထားပေးပါတယ်။ တခါတလေကျတော့လည်း တခြားကလေးတွေဆို ကိုယ့်ကင်မရာထုပ်လိုက်တာနဲ့ သူတို့က အရှေ့မှာ လာပီး အိုက်တင်ပေးနေပီ။ အဲဒီ အခါ သူတို့ စိတ်ကျေနပ်အောင် နည်းနည်းပါးပါး ရိုက်ပေးလိုက်ရပါတယ်။

ဆိုင်တွေမှာ စားတဲ့အခါမျိုးမှာ ဖုန်းက တဖက်က ပြောနေတဲ့အခါမျိုးမှာ လက်က မအားလည်း ကင်မရာ ပါဝါကို ဖွင့်၊ flower button လေးကို နှိပ်ပီး။ ဒီအတိုင်းပဲ ရိုက်လိုက်တာပါ။ သိပ်ပီး ကင်မရာ နဲ့ တကူးတက ချိန်တွယ်ပီး ရိုက်မနေပါဘူး။

အမှန်က ဓာတ်ပုံကို အမှတ်တရ အဖြစ်ပဲ ယူဆတာပါ။ ဓာတ်ပုံ အရည်အသွေး ကောင်းဖို့လို့ ဘာတို့ သိပ်ပီး မစဉ်းစားဖြစ်ပါဘူး။

ကလေးတွေ ဓာတ်ပုံကို တခါတလေ မှန်ဘီလူး အဝေးကို ယူထားပီး ကင်မရာနဲ့ ခလေးတွေ အကွာအဝေးကို အနီးကပ် ချိန်ပီး ရိုက်တတ်ပါတယ်။ အဲဒီအခါမျိုး ဆိုရင် မြင်ကွင်းကျယ်ပီး မျက်နှာအနေအထား က ကြည်လင် ပြတ်သားတာမို့ သဘောကျပါတယ်။

အခုနောက်ပိုင်း ရိုက်တဲ့ အိမ်ဟင်းတော်တော်များများက မီးချောင်းအလင်းရောင်နဲ့မို့လို့ပါ။ အခုလက်ရှိ နေတဲ့ အိမ်က လိုက်ကာအပြည့် ကာထားတဲ့ အခန်းမို့ ပြတင်းပေါက် အလင်းရောင် မရပဲ မျက်နှာကျက်က မီးချောင်းအလင်းရောင်ပဲ ရတာမို့ ဓာတ်ပုံတွေက အရင်တုန်းကလို သိပ်မလှတာပါ။

ထပ်ပီး တခု ပြောပြပေးချင်တာကလေ။ ကိုယ်တချို့ ကွန့်မက်တွေကို approve မလုပ်ဖြစ်ပေမယ့် အတတ်နိုင်ဆုံးတော့ သူတို့ ပေးသွားတဲ့ အီးမေလ်းတွေ နဲ့ချက်ချင်း စာပြန်ပေးတတ်ပါတယ်။

တော်ဝင်စန်တာ မျက်နှာစာ

Advertisements

Comments

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s