Birthday cake

 

Birthday cake

 

 

ပထမဦးဆုံး .. ကိုယ့်ကို လူလောကထဲရောက်အောင် မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မေမေ ကောင်းရာသုဂတိ လားပါစေ …

 

ဒီနေ့ မြန်မာပြက္ခဒိန် – တန်ခူးလဆန်း ( ၁၀ ) ရက်နေ့ – ကျေးဇူးရှင် ဖေဖေ၏ ( ၇၈ ) နှစ်ပြည့် မွေးနေ့  နှင့် အင်္ဂလိပ်ပြက္ခဒိန် ၂၀၁၃ – ဧပြီလ ( ၂၀ ) ရက်နေ့ – ကိုယ်၏ ( ၄၀ ) နှစ်ပြည့် မွေးနေ့ သွားတိုက်ဆိုင်နေပါသောကြောင့် ဒီနှစ်က အမှတ်တရ အရှိဆုံး မွေးနေ့ ရက်မြတ်ပါ။

 

ဖေဖေ .. ကျန်းမာပါစေ .. ဖေဖေ .. ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းပါစေ … ဖေဖေ .. အသက်ရာကျော်ပါစေ …

 

ဖေဖေကို လေလှိုင်း ဆက်သွယ်မှု့ကနေ ရှိခိုးကန်တော့ပြီးပါပြီ။ အမြဲတမ်း သတိရပါတယ်။ မေမေကိုလည်း သတိရတယ်။ အဝေးရောက်အောင် ပို့လိုက်တဲ့ ကံဇာတာကိုလည်း ပြင်ချင်တယ်။

 

 

သမီးလေး မုန့်ဖုတ်ပေးသော မွေးနေ့ကိတ်

 

 

Google’s birthday wish home page

 

 

Thanks * lot for Birthday wish, Google Team!

 

 

မွေးနေ့ကိတ် ပေါ်မှာ cursor ထားလိုက်ရင် ” Happy Birthday Thet “

 

 

ပေါ်လာတယ်။

 

 

Google Plus

 

Facebook က ကိုယ့်ကို Birthday wish မလုပ်ပေးဘူး။ Google Plus က ကိုယ့်ကို Birthday wish လုပ်ပေးတယ်။ မွေးနေ့ကိတ်ပုံစံ Google sign ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Google plus – Profile ကို ရောက်လာပါတယ်။

 

 

Whipping cream

Chocolate

Cocoa Powder

Milk

 

 

9 3/4 in – Spring Form Pan

 

 

ဘေးက ကလစ်ကို ဖြုတ်လို့ရတယ်။

 

 

အောက်ခံ အ၀ိုင်း

 

 

 

Cocoa Powder

 

ချောကလက်ကိတ်မှာ ပါဝင်ပစည်းတွေက -

 

  1. 1 tbsp – butter
  2. 2 cup – sugar
  3. 1 3/4 cup – Flour
  4. 3/4 cup – Cocoa Powder
  5. 1 1/2 tsp – baking powder
  6. 1 1/2 tsp – baking soda
  7. 1 tsp – salt
  8. 2 – egg
  9. 1 cup – milk
  10. 1/2 cup – oil
  11. 2 tsp – vanilla extract
  12. 1 cup – hot coffee

 

  • Preheat oven – 350ºF – 30 min ~ 35 min ( For 2 cakes )
  • Preheat oven – 350ºF – 50 min ~ 55 min ( For 1 cake )

 

 

အရင်ဦးဆုံး -

 

  • ကြက်ဥ ၂ လုံးကို မွှေစက်ဖြင့် မွှေပါ
  • ထောပတ် ( ထမင်းစားဇွန်း – ၁ ဇွန်း ) ထည့်မွှေပါ။
  • သကြား – ၂ ခွက် ထည့်မွှေပါ။
  • Cocoa Powder / Baking powder / Baking Soda / salt / Flour / Milk ထည့်မွှေပါ။
  • ဆီ၊ ဗီနီလာ အမွှေးဆီ ထည့်မွှေပြီးပါက
  • နောက်ဆုံးမှာ ကော်ဖီ တခွက်ကို ထည့်မွှေပါ။
  • မုန့်သား ညက်နေအောင် ၅ မိနစ် ကျော်လောက် မွှေပါ။

 

  • ၉ လက်မ ကိတ်မုန့်ဖုတ်သော အ၀ိုင်းထဲမှာ ချောကလက်ကိတ်ကို ကိတ်မုန့်သား ၂ တုံး ဖုတ်မည်ဆိုလျှင် ခွက် ၂ ခု လိုပါသည်။

  • ခွက်ထဲမှာ တ၀က် စီ မုန့်နှစ်ရည် ထည့်ပြီး ကိတ်မုန့် နှစ်ခုစာ မုန့်ဖုတ်လို့ရပါတယ်။

 

  • ပူနေအောင် ကြိုတင်ဖွင့်ထားသော Preheat oven မှာ 350ºF – 30 မိနစ် မှ 35 မိနစ်ထိ ကိတ်မုန့်ဖုတ်ပါ။ ( ကိတ်မုန့် ၂ ခု စာ အတွက် )

 

  • မုန့်နှစ်ရည် အားလုံးကို ကိတ်မုန့် တစ်ခု စာ အတွက်ပဲ ဆိုလျှင် Preheat oven – 350ºF – မိနစ် ၅၀ လောက် ကိတ်မုန့် ဖုတ်ရပါမည်။

 

  • ကိတ်မုန့်သားကျက်၊ မကျက်ကို သွားကြားထိုးတံ ဖြင့် မုန့်၏ ခလယ်ကောင် နေရာကို ထိုးပြီး မုန့်နှစ်ရည်များ သွားကြားထိုးတံမှာ ကပ်ပါလာတယ် ဆိုလျှင် မုန့်သား မကျက်သေးပါဘူး။ မကပ်ပါလာဘူးဆိုလျှင် မုန့်သားကျက်ပါပြီ …

 

 

မုန့်ဖုတ်အပြီး Pan ၏ ကလစ်ကို သားသား ဖြုတ်နေတာ။

 

 

အောက်ခံ အ၀ိုင်း သပ်သပ်၊ ဘေး အ၀ိုင်း သပ်သပ်မို့ ကိတ်မုန့် လှလှပပ ..

 

 

ကိတ်သား ဖောင်းဖောင်းကြွကြွ

 

 

ဓါးဖြင့် ရှပ်ပြီး လှီးဖြတ်လိုက်တယ်။

လှီးဖြတ်လိုက်သော ကိတ်သားကို သားသား၊ မီးမီး ချက်ချင်း စားလို့ ရပါပြီ …

 

 

မျက်နှာပြင် ညီညီညာညာလေး

 

 

ချောကလက်တုံးကို ဓါးဖြင့် ရှပ်ပြီး ခပ်ပါးပါးလှီး

ဇွန်း သေးသေးဖြင့် ချောကလက်တုံးကို အုန်းသီးခြစ်သလိုမျိုး ခြစ်လို့လည်း ရသည်။

အဲဒါဆိုရင် နှင်းဆီပွင့်ဖတ် ချောကလက် အလွှာအချပ် ပုံစံမျိုး ဖြစ်နေလိမ့်မည်။

 

 

ချောကလက် အမျှင်၊ သေးသေးမျှင်များ

 

 

 

ကြွေဇလုံထဲထည့်

 

 

သကြား – 1/2 cup

ချိုတာ ကြိုက်လည်း – 3/4 cup လောက် ထည့်လို့ရသည်။

 

မွှေစက်ဖြင့် အရင်ဆုံး heavy wipping cream ကို တမိနစ်လောက် high speed ဖြင့် မွှေပါ။

တစ်မိနစ်ခြားဆီ သကြားကို ထမင်းစားဇွန်း ၁ ဇွန်းကျော်လောက် ထည့် ထည့်ပြီး မွှေစက်ဖြင့် ဆက်တိုက် မွှေသွားပါ။

၇ မိနစ်လောက် မွှေပြီးလျှင် ကိတ်မုန့်ပေါ်မှာ သုပ်သော cream ကို ရရှိနိုင်ပါသည်။

အရောင် ထည့်လို့လည်း ရပါသည်။

 

ရလာသော ကိတ် ခရမ်ကို သမီးက ကိတ်မုန့် ပေါ်မှာ သုပ်နေတာ

 ဘေးဖက်တွေလည်း လိုက်သုပ်

ကိတ်မုန့်သား အ၀ိုင်း ဘေးပတ်ပတ်လည်လည်ကို ခရမ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လက်ကို ကောက်ကြောင်းရေးရင် တွန့်သလိုမျိုး လိုက်တွန့်ပြီး ကိတ် ပတ်ပတ်လည်လည် ခရမ် ရေးဆွဲထားပြီး

အလယ်မှာ ချောကလက်မျှင်များ ဖြူးနေသော သမီး

ဒီအရသာ ချောကလက် ကိတ်ကို ကြိုက်တာမို့ ချောကလက်များများ၊ ခရမ်များများ

Black forest cake နှင့် တူသွားအောင် ချယ်ရီသီးများ ထည့်

ချယ်ရီက ဒီအချိန် မပေါ်ဘူး။

ဒါကြောင့် ရေခဲရိုက် ချယ်ရီသီး

မွေးနေ့ – ကော်ရည်

ကော်ရည်ခေါက်ဆွဲ

ကော်ရည် ဟင်းအိုး

အသက် ( ၄၀ )  ပြည့် မွေးနေ့ရှင်

မာမီဘေးနားမှာ တချိန်လုံး နေပေးသော သားသား နှင့် သမီး

ပျော်ပျော်နေတတ်သော သားသားနှင့် အတူ

အမေကို အရမ်း သိတတ်၊ လိမ္မာသော သမီးလေးနှင့် အတူ

 

သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေရပါလို၏ …

စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့် ပြည့်စုံရပါလို၏ …

သွားလေရာ .. လာလေရာ အရပ်ရှစ်မျက်နှာတိုင်းမှာ … သူတော်ကောင်း၊ သူမြတ်လောင်းများနှင့်သာ တွေ့ဆုံရပါလို၏ …

ဘေးဥပါဒ် အန္တရာယ် ခပ်သိမ်း ကင်းဝေးရပါလို၏ …

 

 

မွေးနေ့ရှင် နှင့် မွေးနေ့ကိတ်

 

 

 

မွေးနေ့ကိတ် နှင့် မွေးနေ့ ကော်ရည် ခေါက်ဆွဲ

ကြက်ဥခေါက်ဆွဲဖတ် ( WONTON ) ၊ မှိုပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ရေနွေးဖျော ပဲပင်ပေါက်၊ ၀က်နံရိုး၊ ကြက်သွန်ဖြူ ဆီချက်၊ ငပိထောင်း

ပဲပင်ပေါက်ကို အမျှင် သင်ပြီး ရေနွေး ဖျော ရုံလေးပဲ..

မပြုတ်ဘူး။ အဲဒါမှ စားကောင်းတာ

 

 

 

 

 

Comments

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s